ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏ ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။
ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၂၉.၁၂.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ် အိတ် ၇၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ် အိတ် ၁၂၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၃၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၃၈၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၂၆၇၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၅.၁.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၆၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၃၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၂၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၄၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၄၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၆၇၀၀ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက် ရှိပါသည်။
ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၅၀၀၀ ကျပ်ဈေးကျ၍ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၃၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၁၀၀ဝ ကျပ်နှင့် ဆန်ကွဲB(2,3,4)တစ်အိတ် ၂၀၀ဝကျပ် ဈေးများမြင့်တက်ကာ ပေါ်ဆန်းမွှေးဆန်နှင့် ဖွဲနုဈေးများ တည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထဆန်(မနောသုခ)(ဟောင်း) ဈေးကျဆင်းသွားခြင်းမှာ ဝယ်လိုအား နည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပြီး ဧည့်မထဆန်(မနောသုခ)(သစ်)၊ ဆန်ကွဲB(1,2)နှင့် ဆန်ကွဲB(2,3,4) ဈေးများ မြင့်တက်သွားခြင်းမှာ ဧည့်မထဆန်(မနောသုခ)(သစ်)နှင့် ဆန်ကွဲ လက်ကျန် များ နည်းသွားပြီး ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင် ထံမှ သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့